အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတာပြည်နယ်၊ မေပယ်ဝုမြို့ ၊
သီတဂူဓမ္မ၀ိဟာရကျောင်းတိုက်၌ ပြုလုပ်သော အစည်းအဝေးမှတ်တမ်း။
ရည်ရွယ်ချက်- နိဗ္ဗာန်ဈေးပွဲတော်ကျင်းပရန်နှင့် ကထိန်ပွဲတော်ကျင်းပရန်ကိစ္စဆွေးနွေးခြင်း။
အစည်းအဝေးဆုံးဖြတ်ချက်များ
လာမည့် စက်တင်ဘာ (၁၄)ရက်နေ့ တွင် ကျောင်းရန်ပုံငွေအတွက် နိဗ္ဗာန်ဈေး (မြန်မာအစားအသောက်) ရောင်းချမည့်ဈေပွဲတော်ကို ကျင်းပမည်။
ကျင်းပမည်ရက် - ၀၉-၁၄-၂၀၀၈- တနင်္ဂနွေနေ့ 
အချိန်- မနက် (၁၁) နာရီမှ ညနေ (၃) နာရီထိ
နေရာ- ဒုတိယအကြိမ်မြှောက်နိဗ္ဗာန်ဈေးကျင်းပခဲ့သည့်နေရာကိုရည်ရွယ်
ဈေးရောင်းချမည့် နိဗ္ဗာန်ဈေးသည်များ စာရင်းနှင့် အစားအသောက်စာရင်း
၁။ ဦးအောင်သန်း ဒေါ်တင်လှနှင့် ကိုပီတာ့ မခင်အောင်ဝင်း - ခေါက်ဆွဲသုတ်
၂။ ဦးအောင်ကိုး ဒေါ်မြင့်မြင့်သူ - စမူဆာ
၃။ ဦးရဲဒင် ဒေါ်အေးအေးဝင်း - မုန့် ဟင်းခါး
၎။ ကိုအောင်ဆန်းဦး မစောမြတ်မွန် ကြက်ကင်နှင့် ကောက်ညှင်းပေါင်း
၅။ ကိုဇော်မှိုင်း မနန်းကြည်ကြည်လွင် ဘူးသီးကျော်
၆။ ကိုကျော်ဇင်မောင် မသီတာခိုင် ရေသန့် နှင့် အအေး
၇။ ဦးဇော်ဝင်းမောင် မမွှေးသူဇာ မြန်မာမုန့် မျိုးစုံ
၈။ ကိုထွန်းနိုင် မဂျူးဂျူး ချူးကစ် (ထိုးအစားအစာ)
ကထိန်ပွဲတော်အတွက် ဆုံးဖြတ်ချက်
ကထိန်ပွဲတော်ကို ၁၁-၁၆- ၂၀၀၈ တနင်္ဂနွေနေ့ တွင် သီတဂူဓမ္မ၀ိဟာရကျောင်းတိုက်၌ ကျင်းပမည်။
လာမည့် နိုဝင်ဘာလ (၁၆)ရက်နေ့ တွင်ကျင်းပမည့် ကထိန်ပွဲတော်တွင် ပင့်သံဃာအဖြစ်ငါးပါးပင့်မည်။
ပင့်သံဃာစာရင်း
၁။ ဆရာတော် ဦးမဟောသဓပဏ္ဍိတ ဝေဇန္တာကျောင်း ဘော်တီမိုးမြို့ 
၂။ ဒေါက်တာ အရိယဓမ္မ သီတဂူဗုဒ္ဓ၀ိဟာရကျောင်း အော်စတင်မြို့ 
၃။ ဒေါက်တာ ပညာဇောတ ဓမ္မာလောကကျောင်း ဖလော်ရီဒါ
၎။ အရှင်သုန္ဒရ မီနီဆိုးတား
ကထိန်ပွဲတော်အတွက် ကထိန်ပင်မ ဉတ်မကြီးသင်္ကန်းအလှူရှင် (၁၀) ဦး တစ်ဦးလျှင် ဒေါ်လာသုံးရာ ထည့်ဝင်လှူဒါန်းကာ ကထိန်အလှူဒကာ ဒကာမအဖြစ် ဖိတ်ကြားသည်။
လက်ရှိ လှူဒါန်းသွားသည် ကထိန် (ဉတ်မကြီးသင်္ကန်း)ဒကာ ဒကာမ အလှူရှင်များ
၁။ ဦးအောင်သန်း ဒေါ်တင်တင်လှ
၂။ ကိုအောင်ဆန်းဦး မစောမြတ်မွန်
နောက်ထပ်အလှူရှင် (၈) ဦးကျန်နေပါသေသည်။ ထို့ ကြောင့် မိမိတို့ တက်စွမ်းသမျှ
ကထိန်သင်္ကန်းဉတ်မကြီးအလှူရှင်အနေဖြင့် မည်သူမဆို ပါဝင်လှူဒါန်းနိုင်ရန် တိုက်တွန်း
နှိုးဆော်ခြင်း ပြုလုပ်မည်။
အစည်းအဝေး တက်ရောက်လာသူများ
၁။ ကျောင်းထိုင်ဆရာတော်
၂။ ဦးအောင်ကိုး (အတွင်းရေးမှူး)
၃။ ကိုတိုးလွင် (ဘဏ္ဍာရေးမှူး)
၎။ ဦးဇော်ဝင်းမောင် (တွဲဘက်ဥက္ကဋ္ဌ)
၅။ ကိုကျော်ဇင်မောင်
၆။ ကိုရဲဒင် (ပြန်ကြားရေးမှူး)
၇။ ကိုအောင်စန်းဦး (အဖွဲ့ ဝင်)
၈။ ဒေါ်တင်လှ
၉။ မခင်အောင်ဝင်း
၁၀။ မအေးဝင်း
၁၁။ မစောမြတ်မွန်
၁၂။ မသီတာခိုင်
ညနေ (၄) နာရီခွဲတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
မှတ်တမ်းတင်သူ
အရှင်နာယက
သီတဂူဓမ္မ၀ိဟာရကျောင်း
၉-၇-၂၀၀၈-တနင်္ဂနွေနေ့ 