အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတားပြည်နယ်၊ မေပယ်ဝုမြို့ ၊ ထေရ၀ါရဗုဒ္ဓသာသနနုဂ္ဂဟအသင်း၊ သီတဂူဓမ္မ၀ိဟာရကျောင်းမှ နွေးထွေးစွာကြိုဆိုပါသည်။

Sunday, June 15, 2008

ထေရ၀ါဒဗုဒ္ဓသာသနနုဂ္ဂဟအသင်း၏ သမိုင်းကြောင်း

ူအမေရိကန်နိုင်ငံ၊ မီနီဆိုးတားပြည်နယ်၊ မေပယ်ဝုမြို့ တွင် တည်ရှိသော သီတဂူဓမ္မ၀ိဟာရ ကျောင်းတော်ကို ထေရ၀ါဒဗုဒ္ဓသာသနာ့နုဂ္ဂဟအသင်းကြီးမှ တည်ထောင်ခဲ့သည်။ ထိုအသင်းကြီးကို ၂၀၀၄-ခုနှစ် မေလ (၂) ရက်၊ မြန်မာကောဇာသက္ကရာဇ် ၁၃၆၇-ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ တွင် ဖွဲ့ စည်းတည်ထောင်ခဲ့သည်။ အသင်းကြီး၏ ရည်ရွယ်ချက်မှာ သာသနာတော်ကြီး အဓွန့် ရှည်တည်တံ့စေရန်၊ ပြန့် ပွားစေရန်၊ နောင်လာနောက်သား သားမြေး အစဉ်ဆက် သာသနာ့အမွေ ခံယူကြစေရန်ဖြစ်သည်။ အသင်းကြီးတည်ထောင်ပြီး အသင်းသက်တမ်း (၂) နှစ်နှင့် လေးလအကြာတွင် ၂၀၀၆-ခုနှစ်၊ စက်တင်ဘာလရက်မြတ်ခါကာလ၌ မီနီဆိုးတားပြည်နယ်ရှိ ဒါယကာဒါယိကာမ အပေါင်း တိုမှကာယအား ဥာဏအား စုစည်းအတူတကွ ပေါင်းစုကာ သီတဂူဓမ္မ၀ိဟာရ အမည်အုပ်ချုပ်ရေးမှူး၊ သီတဂူပြည်ပသာသနာပြု ကျောင်းတိုက်များ၏ ပဓာနနာယက ဖြစ်တော်မူသော အရှင်မဟောသဓပဏ္ဍိတ ထံတော်သို့ သံဃိက ကျောင်းတော်အဖြစ် ရေစက်သွန်းချ လှူဒါန်း ခဲ့ခြင်းဖြစ်ပါသည်။

No comments: