အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတားပြည်နယ်၊ မေပယ်ဝုမြို့ ၊ ထေရ၀ါရဗုဒ္ဓသာသနနုဂ္ဂဟအသင်း၊ သီတဂူဓမ္မ၀ိဟာရကျောင်းမှ နွေးထွေးစွာကြိုဆိုပါသည်။

Monday, July 14, 2008

ဝါဆိုပွဲတော် ကျင်းပမည်

အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတာပြည်နယ်၊ မေပယ်ဝုမြို့ ရှိ သီတဂူဓမ္မ၀ိဟာရကျောင်းတွင်
ဝါဆိုသင်္ကန်းလှူဒါန်းခြင်း ၀ါဆိုပွဲတော်ကို ၀၆-၂၇-၂၀၀၈၊ တနင်္ဂနွေနေ့ တွင် ကျင်းပပြုလုပ်မည်ဖြစ်
ပါသည်။ ၀ါဆိုပွဲတော်သည်ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေအားလုံးအတွက် ထူးမြတ်သောနေ့ ထူးနေ့ မြတ်တစ်ခုဖြစ်သည်။ မြတ်ဗုဒ္ဓရှင်တော်သည် ဘုရားဖြစ်တော်မူပြီးနောက် ပဉ္စ၀ဂ္ဂီငါးပါးတို့ အား တရားဦးဓမ္မစက်ကို စတင်၍ ဟောကြားတော်မူနေ့ဖြစ်သကဲ့သို့ ၊ရဟန်းတော်များ ၀ါဆိုသည်နေ့ မှ
စ၍၊ သုံးလပြည့်သည့်တိုင်အောင် ဘယ်အရပ်ဘယ်ဒေသသို့ မျှ ခရီးသွားခြင်း မပြုလုပ်ပဲ တနေရာထဲ၌ သီတင်းသုံးကာ တရားဘာဝနာများ ကြိုးစားအားထုပ်ရန်စတင်၍၀ါဆိုခြင်းများ ပြုလုပ်ဖို့ အတွက်ပြင်ဆင်သော
နေ့ မြတ်ဖြစ်ပေသည်။ ထို့ သို့ မွန်မြတ်သောနေ့ ထူးနေ့ မြတ်တွင်မိမိတို့ ၏ ကာယအား၊ ဉာဏအားတို့ ဖြင့် ရရှိသော စည်းစိမ်ဥစ္စာ၏ အနှစ်ဖြစ်သော ဒါနကောင်းမှု၊ မိမိတို့  ရရှိထားသောခန္ဓာ၏ အနှစ်ဖြစ်သော သီလကောင်းမှု၊ မိမိတို့ မြတ်နိုးတွယ်တာသော အသက်၏ အနှစ်သာရဖြစ်သော ၀ိပဿနာပညာ ကောင်းမှုများ စည်းပူး၊ စုဆောင်နိုင်ပါကြောင်း မေတ္တာရှေးထားတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

သီတဂူဓမ္မ၀ိဟာရ ကပ္ပိယကာရကအဖွဲ့ 

No comments: